*** Smart TV အကြောင်းသိကောင်းစရာ... ***

အခုလိုနည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ ပုံမှန်ရိုးရိုး TV တွေအစား Smart TV တွေကို အသုံးများလာကြပါတယ်…

⭕️ #Smart_TV တွေကို ဘာကြောင့်အသုံးများလာရတာလဲဆိုတဲ့... Smart TV အကြောင်း သိကောင်းစရာလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်…

*** Smart TV ဆိုတာဘာလဲ..? ***

⭕️ Smart TV ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်ရဲ့ Smart Phone နဲ့ချိတ်ဆက်ပီး Phone Screen ပေါ်မှာ ပေါ်သမျှ ပုံရိပ်တွေကို TV Screen အကြီးကြီးနဲ့ အားပါးတရ ကြည့်နိုင်ပါမယ်။

⭕️ ဒါကြောင့် အားသာချက်က တချိန်လုံး ဖုန်းကို ငုံ့ကြည့်နေရလို့ ဇက်ကြော်တက်တာတွေ၊ မျက်စိညောင်းတာတွေကို အတိုင်းအတာတခုအထိ ဖယ်နိုင်တာပေါ့။ Youtube, Google, Application များကိုလည်းအသုံးပြုနိုင်တဲ့အတွက်ကြောင့် ဖုန်းတစ်လုံးကဲ့သို့ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။

*** ဘယ်လိုထူးခြားမှုတွေ ပါဝင်လာပါသလဲ..? ***

⭕️ ပုံမှန်ရိုးရိုး TV တွေမှာ Digital Free Line ၂၀ ကျော်ကိုပဲကြည့်လို့ရတယ်၊ Smart TV မှာကျတော့…

⭕️ Smartphone, Tablet များနှင့် ချိတ်ဆက်၍ Facebook သုံးတာ၊ ဂိမ်းဆော့တာတွေ အပြင် ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယိုဖိုင်များကို တိဗွီ မျက်နှာပြင်တွင် တစ်ချိန်တည်း အသုံးပြုနိုင်ပါတယ်။

⭕️ Internet Wifi လိုင်းဖြင့် တိုက်ရိုက်ချိတ်ဆက်ထား၍ သတင်း၊ ရာသီဥတုအခြေအနေ၊ စတော့ရှယ်ယာဈေးနှုန်းများ နှင့် Netflix နဲ့ YouTube ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါတယ်။

⭕️ ရုပ်ရှင်နှင့် ဂိမ်းများသာမက ချက်ပြုတ်နည်းနှင့် ပညာရေးဆိုင်ရာ အကြောင်း အရာအချက်အလက်များအား တိုက်ရိုက်ကြည့်ရှု ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

⭕️ ဒါတင်ဘယ်ကအုံးမလဲ Movie တွေကို Memory Stick နဲ့တင်မက External Hard Disk တွေပါ တိုက်ရိုက်ထိုးကြည့်နိုင်ပါတယ်…

*** Smart TV ဘာကြောင့်သုံးသင့်တာလဲ..? ***

⭕️ အခုလိုနည်းပညာတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ သတင်း၊ ရာသီဥတုအခြေအနေ၊ စတော့ရှယ်ယာဈေးနှုန်းများ၊ ရုပ်ရှင်၊ ဂီတ၊ ဂိမ်းများသာမက ချက်ပြုတ်နည်းများ၊ ပညာရေးဆိုင်ရာ အကြောင်း အရာအချက်အလက်များအား တိုက်ရိုက်ကြည့်ရှုဆောင်ရွက်နိုင်တဲ့ #Smart_TV တစ်လုံးကို မိသားစုတိုင်း စိတ်အပန်းဖြေအနားယူဖို့အတွက် မဖြစ်မနေလိုအပ်တာအမှန်ပဲနော်…

⭕️ ဒါကြောင့် #Smart_TV တွေကို ဘယ်လိုရွေးချယ်ဝယ်ယူသင့်လဲဆိုတာကိုတော့ ပုံတစ်ခုချင်းစီမှာ အသေးစိတ်ကြည့်ရှုထားဖို့လိုမယ်နော်…👇👇👇

🔹 Smart TV တွေကို ဘယ်လိုရွေးချယ်ဝယ်ယူသင့်လဲ…?

- Smart TV တစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် အရေးကြီးဆုံးက (ဘတ်ဂျက်) ငွေဘယ်လောက်သုံးမှာလဲဆိုတာ နံပါတ်တစ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

- အရေးကြီးတာက ကိုယ်ဘယ်လောက်ပိုက်ဆံသုံးမလဲဆိုတာကို ခဏလေးကျော်လိုက်ပါဦး။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံကျရင် သိသင့်သိထိုက်တဲ့ အချက်လေးတွေ သိသွားတဲ့အခါ ပိုက်ဆံကွာဟမှုအနည်းအများနဲ့ ချိန်ညှိပြီး တစ်ကယ်ထိုက်တန်တဲ့ပစ္စည်းကောင်းတစ်ခုကိုရွေးချယ်နိုင်သွားမှာဖြစ်လို့ပါ။


🔹 တီဗီအရွယ်အစား..?

ပုံမှန်အားဖြင့် တီဗီဝယ်ဖို့ အရောင်းစင်တာပြခန်းထဲဝင်သွားတဲ့အခါ ပထမဆုံးစဉ်းစားမိတာက လက္မဘယ်လောက်ဝယ်မှာလဲ..?

တက်နိုင်ရင်တော့ လူတိုင်းနီးပါး လက္မကြီးကြီးလိုချင်ကြတာချည်းပါပဲ။ ဒီနေရာမှာ တီဗီထားမယ့် ကိုယ့်ရဲ့အခန်းအကျယ်အဝန်းကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တီဗီလက္မကြီးလေလေ တီဗီကြည့်သူနဲ့ဝေးဝေးမှာ ထားရလေလေဖြစ်ပါတယ်။

🔸 ပုံမှန် အိမ်သုံး ၃၂ လက္မတီဗီ အတွက် ၄ ပေအကွာဝေးက ကြည့်ရှုရန်သင့်လျော်ပါတယ်။

🔸 ၄၀ လက္မဆိုရင် (၅ပေ)၊ ၄၂ လက္မဆိုရင် (၅ပေခွဲ) နဲ့အကြီးဆုံး ၇၅ လက္မအတွက် (၁၀ပေခွဲ) အကွာကအနီးဆုံးကြည့်ရှုရမှာ ဖြစ်လို့ ဆိုဒ်ရွေးချယ်ရာတွင် မိမိရဲ့ အခန်းအနေအထားကို မူတည်ပြီးစဉ်းစားသင့်ပါတယ်။

*******************

🔹 LCD လား…? LED လား…?

ယနေ့လိုအနေအထားမျိုးမှာတော့ တီဗီအကုန်လုံးနီးပါးက LED နဲ့ပဲ ထုတ်လုပ်လာကြပြီမို့ LCD နဲ့ LED ရွေးချယ်ရမဲ့အပိုင်းကတော့ ပြဿနာ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် LCD နဲ့ LED ကွာခြားပုံလေးကို သိရတော့ ဘာကြောင့် LED ကိုရွေးချယ်သင့်တယ်ဆိုတာ အစာကြေသွားတာပေါ့နော်။

တစ်ကယ်တော့ LED TV ဆိုတာ LCD TV ရဲ့ နည်းပညာအတိုင်းပဲ ပြုလုပ်ထားတာဖြစ်ပြီး အဓိကကွာခြားသွားချက်ကတော့ Backlight လို့ခေါ်တဲ့ပုံရိပ်ပေါ်စေဖို့အတွက် နောက်ခံအလင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ အဲ့ဒီကွာခြားချက်ကြောင့် တီဗီပေါ်မှာပေါ်လာတဲ့အရုပ်ရဲ့ အရောင်အသွေးဟာပြောင်းလဲသွားပါတယ်။

ဒါကြောင့်ရွေးချယ်မယ်ဆိုရင် LED ကိုသာရွေးချယ်သင့်ပါတယ်။

*******************

🔹 4K, Full HD, HD Ready လား…?

🔹 ဘယ်လို Resultion တွေကိုရွေးချယ်သင့်တာလဲ…?

လက်ရှိနောက်ဆုံးပေါ် နည်းပညာအမြင့်ဆုံးကတော့ 4K TV ပဲဖြစ်ပါတယ်။ တီဗီရဲ့နည်းပညာဟာ အစဦးဖြစ်တာရယ် လူတော်တော်များများလက်လှမ်းမီတဲ့ ဈေးနှုန်းရယ်ကြောင့် ချန်လှပ်ထားပါရစေ။

အကယ်၍ မိတ်ဆွေဟာ 4k TV ကို ဝယ်မည့်သူဆိုရင်တော့ ဒီလမ်းညွှန်လေးကိုတောင်ဖတ်ဖို့မလိုတော့ပါဘူး၊ ဝယ်သာ ဝယ်လိုက်တော့လို့ တစ်ခါထဲတိုက်တွန်းလိုက်ပါတယ်။

ဒီနှစ်မျိုးဟာ သာမန်လူတွေအဖို့ အနည်းငယ်ရောထွေးနိုင်စေသလို တီဗီအရောင်းဆိုင်မှ ဝန်ထမ်းများကမသိလို့ဖြစ်စေ၊ ပစ္စည်းရောင်းထွက်ချင်လို့ ဖြစ်စေ HD Ready အမျိုးအစားကို Full HD - HD TV လို့ပြောပြီး ရောင်းတက်တာကိုလည်း ကြုံတွေ့ရဖူးပါတယ်။

HD Ready နဲ့ Full HD (သို့) HD TV တွေရဲ့အဓိကကွာခြားချက်ကတော့ အရုပ်အရည်အသွေးပဲ ဖြစ်ပါတယ်။ HD Ready ဟာ (1280 x 720) pixel ဖြစ်ပြီး Full HD (သို့) HD TV ကတော့ (1920 x 1080) pixel ဖြစ်ပါတယ်။

HD လား HD Ready လားဆိုတာ အလွယ်တကူစစ်ဆေးနိုင်တဲ့ အချက်ကတော့ တီဗီပေါ်မှာကပ်ထားတဲ့ စတစ်ကာမှာ ကြည့်ရင်သိနိုင်ပါတယ်။

တီဗီရုပ်ထွက် နည်းပညာဟာ 4k ထိ ရောက်လာပြီမို့ TV တစ်လုံးကို မိမိဝယ်လိုက်ပြီး သိပ်မကြာခင် ဒိတ်အောက်မသွားအောင် HD TV လောက်တော့စဉ်းစားဖို့ အကြံပေးလိုက်ပါတယ်။

*******************

🔹 TV ဘာတံဆိပ်တေဝယ်ရမလဲ…?

အားလုံးကိုတော့ နားလည်သွားပါပြီ ဒါပေမယ့် ဘယ်တံဆိပ်ကောင်းလဲဟင်… လို့…? မေးချင်တဲ့သူတွေအတွက် အကောင်းဆုံးအသင့်လျှော်ဆုံး Smart TV Brand (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။

🔸 SAMSUNG

🔸 SONY

🔸 LG

🔸 Panasonic

🔸 TCL

🔸 Hisense

ဖော်ပြပါ အမှတ်တံဆိပ်တွေကတော့ ကမ္ဘာ့အဆင့်ထိပ်ဆုံးမှာ ရှိနေတဲ့ Brand တွေဖြစ်ပြီး မြန်မာပြည်ထဲမှာလဲ အလွယ်တစ်ကူဝယ်ယူနိုင်ပါတယ်။

Electronic Device (လျှပ်စစ်အသုံးဆောင်) ပစ္စည်းတွေနဲ့ ပက်သက်လာရင် တက်နိုင်သမျှ နောက်ဆုံးပေါ်နည်းပညာကို ချဉ်းကပ်တာပါ။ နာမည်ကောင်းရပြီးသား အာမခံချက်ရှိတဲ့ Brand အမျိုးအစားကို ဖြစ်နိုင်ရင်ရွေးချယ်ပါ။ ဒါဆိုရင်တော့ အနည်းဆုံး နောက် ၅ နှစ်လောက် သင်စိတ်ချမ်းသာရမှာဖြစ်ပါတယ်။

🔹 သတိထားသင့်တဲအချက်ကတော့…

⭕️ Penal ပိုင်းမှာ Warranty မပေးထားတဲ့အတွက် အထူးဂရုစိုက်ရပါမယ်... ရေလုံးဝစိုလို့မရပါဘူး.. အဓိကအနေနဲ့ ကြွက်သေး၊ ကြောင်သေးတို့စိုသွားပြီးဆိုရင် TV ရဲ့ Screen LCD မှာ အဆင်းကြောင်းလေးတွေ ထင်သွားမယ်ဆိုရင် ကြည့်ရှုရတဲ့အပိုင်းမှာတော့ အဆင်ပြေမှာမဟုတ်ပါဘူး…

*******************

👉 ရွေးချယ်ဝယ်ယူသင့်တဲ့ အချက်တွေကိုသိပြီဆိုတော့ မိသားစုတိုင်း စိတ်အပန်းဖြေအနားယူဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ #Smart_TV တွေကို UNiQUE ၏ ရန်ကုန်ဆိုင်ခွဲများဖြစ်သော #ပန်းဆိုးတန်းဆိုင်ခွဲ #ဦးချစ်မောင်ဆိုင်ခွဲ #သင်္ဃန်းကျွန်းဆိုင်ခွဲ နှင့် #ကမ္ဘာအေးဆိုင်ခွဲ နှင့် မန္တလေးဆိုင်ခွဲဖြစ်သော ယူနစ်(၇၈ လမ်း) ဆိုင်ခွဲ၊ ယူနစ် (၆၂ လမ်း) ဆိုင်ခွဲတို့တွင် အမြန်ဆုံးလာရောက်ဝယ်ယူအားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်...

👉 Smart TV အမျိုးအစားများနဲ့ ဈေးနှုန်းအသေးစိတ်ကိုတော့ https://unique.com.mm/collections/tv တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...

Leave a comment