ယူနစ်ကို ၂၀၀၄ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ဖွင့်လှစ်ချိန်မှ စတင်၍ “Delivering exceptional customer experiences through reliable services - ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများဖြင့် ထူးခြားကောင်းမွန်သော ဝယ်ယူမှုအတွေ့အကြုံများ ပေးအပ်မည်” ကို အဓိကတန်ဖိုးထားမှုစံနှုန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ဝယ်ယူအားပေးသူမိတ်ဆွေများ၏ လိုအပ်ချက် အကြံပြုချက်များကို အစဉ်တစိုက်ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းခဲ့ရာ ယနေ့အချိန်အခါတွင် ရန်ကုန်မြို့တွင် ဆိုင်ခွဲ (၇) ဆိုင်၊ မန္တလေးမြို့တွင် ဆိုင်ခွဲ (၂) ဆိုင် စုစုပေါင်း ဆိုင်ခွဲ (၉) ဆိုင်တွင် ဝန်ထမ်းပေါင်း ၅၀၀ ကျော်ဖြင့် မြန်မာနိုင်ငံတွင် ကွန်ပြူတာ၊ မိုဘိုင်းဖုန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းနယ်ပယ်တွင် ဝန်ဆောင်မှုအကောင်းဆုံး၊ ရောင်းအားအကောင်းဆုံးနှင့် ပစ္စည်းအစုံလင်ဆုံး ကွင်းဆက်လက်လီဆိုင်များအဖြစ် ရပ်တည်နေပါသည်။ ယူနစ်၏ ဆောင်ပုဒ်ဖြစ်သည့် “The One Stop Partner for Your Digital Lifestyle - သင့်ရဲ ဒီဂျီတယ်လူနေမှုဘဝပုံစံအတွက် ပြီးပြည့်စုံသော အဖော်မွန်” ဆိုသည့်အတိုင်း ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး နှင့် ခေတ်မှီ ဒီဂျီတယ်လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို တစ်နေရာထဲတွင် အစုံလင်ဆုံး ဝယ်ယူရရှိနိုင်အောင် ရောင်းချပေးနေပါသည်။ မြန်မာနိုင်ငံတွင် Lifetime Service Warranty (တစ်သက်တာ လက်ခမဲ့ ပြင်ဆင်ခွင့်) ကို ပထမဦးဆုံးပေးအပ်ခဲ့ပါသည်။ ဖွင့်လှစ်သမျှ ဆိုင်ခွဲတိုင်းတွင် Service Center ကိုထည့်သွင်းပေးထားပြီး After Sales ဝန်ဆောင်မှုရယူနိုင်ရန် အထူးအလေးပေး စီစဉ်ဆောင်ရွက်ထားသောကြောင့် UNiQUE ၏ မည်သည့်ဆိုင်ခွဲများမှ ဝယ်ယူထားသည်ဖြစ်စေ စမတ်ဖုန်း နှင့် တက်ဘလက်များအား Application နှင့် HD Game များထည့်သွင်းပေးခြင်း၊ Desktop နှင့် Notebook များအား Window တင်ပေးခြင်း၊ Microsoft Office စသည့် ရုံးလုပ်ငန်းသုံးဆော့ဝဲလ် များတင်ပေးခြင်း အစရှိသည့် Software နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို မိမိနှင့်နီးစပ်ရာ ဆိုင်ခွဲများတွင် တစ်သက်တာလက်ခမဲ့ပြင်ဆင်ခွင့်ဖြင့် ဝင်ရောက်ရယူနိုင်ပါသည်။