Apple ID / iCloud Account အသုံးပြုမှုနှင့် ပါတ်သက်၍ သတိပြု သိထားသင့်သော အချက်များ

#Knowledge_Share

iPhone / iPad အသုံးပြုသူများအတွက် Apple ID account ဟာ ဒီနေ့ခေတ်မှာ မသုံးမဖြစ် အသုံးပြုရမယ့် အနေအထားဖြစ်ပါတယ်။

Apple ID ကိုအသုံးပြုခြင်းဖြင့် App Store က Application တွေ Download လုပ်နိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ Data တွေ Backup လုပ်နိုင်မယ့် iCloud Drive ၊ မတော်တဆ ဖုန်းပျောက်ခဲ့လျှင် ပြန်ရှာဖို့ အတွက် Find My iPhone အစရှိတာ တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

iPhone Setting ထဲက Find My iPhone ကို On ထားမယ်ဆိုရင် မတော်တဆ ဖုန်းပျောက်တဲ့အခါမျိုးမှာ နောက်ဆုံး internet ချိတ်ထားခဲ့တဲ့ Location ကိုကြည့်လို့ရနိုင်ပြီး Apple ID က တစ်ဆင့် Data တွေကိုလှမ်းဖျက်၊ ဖုန်းကို Lock လုပ်နိုင်မှာဖြစ်ပါတယ်။

Apple ရဲ့ Security သတ်မှတ်ချက်တွေအရ iPhone ၊ iPad တွေကို Factory Reset ၊ Restore ၊ Update လုပ်တဲ့အခါမှာ နဂိုမူလ အသုံးပြုခဲ့တဲ့ Apple ID ရဲ့ အချက်အလက်တွေ ပြန်ထည့်ပေးဖို့လိုပါတယ်။

Apple ID ကို ပိုမိုလုံခြုံမှုရှိစေဖို့ two step verification အနေနဲ့ phone no နဲ့ ချိတ်ဆက်ထားခဲ့မယ်ဆိုရင်လည်း ID နဲ့ ချိတ်ဆက်ထားတဲ့ phone no ကို မပျောက်ပျက် အောင်ထိန်းသိမ်းထားဖို့လိုပါတယ်။ ID နဲ့ ပါတ်သက်တဲ့ Email ၊ Password ၊ phone no နဲ့ Security questions & answers တွေ မေ့သွားခဲ့တယ်ဆိုရင်တော့ iCloud Lock ဖြစ်ပြီး Phone ကိုလုံး၀ အသုံးပြုလို့ ရနိုင်တော့မှာမဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ Phone ကို >>>

- Factory reset ( ဝယ်ယူစဉ်က အခြေနေကဲ့သို့ဖြစ်အောင် Data နှင့် Software များအားလုံးဖျက်ပြီး Reset ပြုလုပ်ခြင်း)

- Update (iOS version အသစ်သို့ မြင့်တင်ခြင်း)

- Restore (Error တစ်စုံတစ်ခုကြောင့် အသုံးမပြုခင်အခြေနေမျိုးဖြစ်အောင် iOS Firmware ပြန်လည် ရေးသားခြင်း) စတာတွေ ပြုလုပ်မယ်ဆိုရင် Apple ID နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို သေချာစစ်ဆေးဖို့လိုမှာဖြစ်ပါတယ်။

Factory Reset ၊ Update ၊ Restore မပြုလုပ်မီ >>>

(1)Setting >> Apple ID & iCloud > iCloud > Find My iPhone >> Find My iPhone ကို (Off) ပိတ်ရပါမည်။

(2) Find My iPhone ကိုပိတ်ပြီး > Setting > Apple ID & iCloud > Apple ID ကို Sign Out လုပ်ပြီးမှ Reset ပြုလုပ်ရပါမည်။

မှတ်ချက်။ တချို့သော အခြေနေတွေမှာ Apple Server Error ကြောင့် Apple ID ကို Sign Out ထွက်ပြီးပေမယ့် ID နဲ့ ဆက်ပြီး ချိတ်ဆက်နေတာမျိုးတွေ ရှိတတ်တာကြောင့် ပိုပြီး သေချာအောင် စစ်ဆေးဖို့ လိုအပ်ပါတယ် ။ တစ်ခါတလေမှာ Device ထဲမှ icloud ကို ထွက်လိုက်ပြီဟုထင်ရသော်လည်း apple server error သို့ မဟုတ် အခြားသော error တစ်စုံတစ်ခု ကြောင့် icloud account နဲ့ ဆက်လက်ချိတ်ဆက်နေတတ်ပါတယ်။ဒါကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် Factory Reset ၊ Update ၊ Restore လုပ်ရန်လို အပ်ပါက ကျွမ်းကျင် Service Technician သို့မဟုတ် Service Center တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အကြံပြုချင်ပါတယ်။

iCloud Lock ဖြစ်သွားခဲ့ပြီဆိုရင်တော့ Phone ဟာလုံး၀ အသုံးပြုလို့ ရနိုင်တော့မှာ မဟုတ်တဲ့ အတွက်ကိုယ့်ရဲ့ Apple ID နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို သေသေချာချာ မှတ်သားထားဖို့ လိုပါတယ်။ Apple ID ရဲ့ အချက်အလက်များဟာ User ရဲ့ Privacy နှင့် သက်ဆိုင်သည့်အတွက် မိမိတစ်ဦးတည်းသာ သိသင့်ပြီး တခြားသူတွေသိသွားခဲ့လျင် အရေးကြီးတဲ့ Data တွေ ပေါက်ကြားတာ၊ဆုံးရှုံးတာမျိုးအပြင် ကိုယ့်ရဲ့ Device ကို သုံးလို့မရအောင် လုပ်ခံရတာမျိုး တွေကြုံရနိုင်ပါတယ်။ ဒါကြောင့် Apple ID ကို ကိုယ်တိုင် ဖွင့်ပြီးအသုံးပြုမယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

+ Service

Apple ID ကို ကိုယ်တိုင်ဖွင့်ဖို့ အခက်အခဲရှိခဲ့ပါက UNiQUE မှ ဝယ်ယူထားသော iPhone / iPad များအတွက် Apple ID ဖွင့်ပေးတဲ့ဝန်ဆောင်မှုကို အခမဲ့ ရယူနိုင်ပါတယ်။

UNiQUE မှ Email ၊ Apple ID နှင့် Password အပြင် Security Question အမေးအဖြေ အချက်အလက်များကို သက်ဆိုင်ရာ Customer ကို ပြည့်ပြည့်စုံစုံ တပါတည်းအသိပေးသွားမှာဖြစ်ပါတယ်။

ID, Password နှင့် Security Question များကို အသုံးပြုမယ့် User စိတ်ကြိုက် ပြောင်းလဲလို့ရတာဖြစ်တဲ့အတွက် ပြောင်းလဲပြီး အသုံးပြုဖို့ အကြံပြုချင် ပါတယ်။ ပြောင်းလဲပြီးသွားခဲ့ရင်လည်း အသုံးပြုသူ တစ်ဦးတည်းသာ သိထားသင့်ပြီး သေချာစွာ မှတ်သား ထားဖို့ လိုအပ်ကြောင်း အသိပေးအပ်ပါတယ်။

ID ရဲ့ User Name နဲ့ Password တွေမေ့သွားခဲ့ရင်၊ Security Question တွေမေ့သွားခဲ့ရင် ဒါမှမဟုတ် မသမာသူ တစ်ဦးတစ်ယောက်က ID နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ သိသွားခဲ့တယ်ဆိုရင် ကိုယ်ရဲ့ Privacy ကျိုးပေါက်နိုင်သလို Factory Reset, Restore, Update တွေလုပ်တဲ့အခါမှာ Phone ကလည်း Lock ကျသွားနိုင် မှာဖြစ်ပါတယ်။ ID Lock (iCloud Lock) ကျခြင်းဟာ Apple ရဲ့ Warranty စည်းမျဉ်း စည်းကမ်းတွေအရ Warranty ခံစားခွင့်မှာ အကျုံးမဝင်တဲ့အတွက် ဆုံးရှုံး နစ်နာမှုများ ရှိနိုင်တာ ကြောင့် သတိပြုနိုင်ဖို့ ရေးသား တင်ပြလိုက်ရပါတယ်။

UNiQUE မှ ဝယ်ယူထားသော iPhone / iPad များနှင့်ပါတ်သက်၍ အကူအညီများ ရယူလိုပါက UNiQUE Service Hotline +95 9441855711 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

UNiQUE ရဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံး ကျန်းမာရွှင်လန်း အေးချမ်းသာယာကြပါစေ။

Leave a comment