Inverter စနစ်က သင့်ရဲ့ လျှပ်စစ်မီတာ ကုန်ကျစရိတ်ကို ဘယ်လိုသက်သာစေနိုင်မလဲ.. ❓❓

🔹🔹🔹 Inverter Vs Non-inverter 🔹🔹🔹

အခု ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေစပြီး လျှပ်စစ်ဓာတ်အား သုံးစွဲခတွေကို ပြောင်းလဲ တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် လျှပ်စစ်ဓာတ်အားခ အကုန်အကျနည်းအောင် ချွေတာဖို့ လိုအပ်လာပါပြီ။ ဒီနေရာမှာ UNiQUE ရဲ့ Customer တွေအတွက် လျှပ်စစ်ဓာတ်အားခ ချွေတာနိုင်ဖို့နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

လျှပ်စစ်ဓာတ်အား သုံးစွဲတာတွေလျော့ချဖို့အတွက် မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ထားသင့်ပါတယ်။ နေ့ခင်းဘက်အချိန်မှာ သဘာဝ အလင်းရောင်ကို အဓိကထား သုံးစွဲသင့်ပါတယ်။ စွမ်းအင် သုံးစွဲမှုများတဲ့ ပုံမှန် မီးလုံး မီးချောင်းတွေအစား power စား သက်သာတဲ့ LED အမျိုးအစား တွေနဲ့ ပြောင်းလဲ သုံးစွဲသင့်ပါတယ်။ ဒီနေ့ခေတ် နေထိုင်မှု ပုံစံမှာ အဲကွန်း၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်တွေက မသုံးမဖြစ်လိုဖြစ်လာပါပြီ။

ဒါကြောင့် အဲကွန်း၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် တွေသုံးစွဲတဲ့ နေရာမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုလျော့ချပေးနိုင်မယ့် Inverter စနစ်ပါဝင်တဲ့ ပစ္စည်းတွေကို သုံးစွဲသင့်ပါတယ်။

🔹🔹🔹 Inverter စနစ် ရဲ့ အားသာချက် 🔹🔹🔹

Inverter စနစ် ပါတဲ့ အဲကွန်း နှင့် ရေခဲသေတ္တာ တွေမှာ compressor motor က power စဖွင့်လိုက်တာနဲ့ အရှိန်အမြင့်ဆုံးနဲ့ လည်ပြီးတော့ အချိန်တိုတွင်း မြန်မြန်အေးအောင် လုပ်ပေးနိုင်ပါတယ်။

လိုအပ်တဲ့ အပူချိန်ရောက်ပြီဆိုတာနဲ့ အဲ့ဒီ အပူချိန် အတိုင်းဆက် ထိန်းထားနိုင်ဖို့အတွက် ဖြည်းဖြည်းချင်း ဆက်လက် လည်ပါတ်နေမှာဖြစ်ပါတယ်။ Non-inverter အမျိုးအစားတွေလို ရပ်လိုက် လည်လိုက် မဟုတ်တဲ့အတွက် အပူချိန်ကို တစ်သမတ်တည်း ထိန်းထားနိုင်ပြီး နေရတာ ပိုပြီး သက်တောင့် သက်သာ ရှိမှာဖြစ်ပါတယ်။

Inverter စနစ် ပါတဲ့အတွက် အဲကွန်း နှင့် ရေခဲသေတ္တာ တွေကိုဖွင့်ထားတဲ့အချိန်မှာအသံဆူညံမှုမရှိပဲ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို လည်း လျော့ချပေး နိုင်မှာဖြစ်ပါတယ်။ Inverter စနစ် ပါဝင်တဲ့ washing machine တွေမှာဆိုရင် အဝတ်ပမာဏ အနည်း အများပေါ်မူတည်ပြီး motor ကို လိုအပ်သလိုလည်ပါတ်ပြီး လျော်ဖွတ်သန့်စင်ပေးတာဖြစ်ပါတယ်။

လိုအပ်သလောက် RPM နဲ့ ဖြည်းဖြည်းချင်းပဲ လည်တာဖြစ်တဲ့အတွက် အသုံးပြုနေတဲ့ အချိန်မှာ ဆူညံသံနည်းပြီးတော့ လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်လည်း အများဆုံး 30% လောက်ထိ လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

Inverter စနစ်ပါဝင်တဲ့ အဲကွန်း၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် တွေဟာ Load ပမာဏပေါ် မူတည်ပြီး လိုအပ်သလောက်ပဲ လုပ်ဆောင်ရတဲ့အတွက် စက်ရဲ့ သက်တမ်းကလည်း ပိုပြီး ကြာရှည် ခံမှာဖြစ်ပါတယ်။

🔹🔹🔹 Inverter စနစ် မပါဝင်တဲ့ ပစ္စည်းတွေရဲ့ အားနည်းချက် 🔹🔹🔹

Non-inverter အမျိုးအစား အဲကွန်း နှင့် ရေခဲသေတ္တာ တွေမှာ compressor, motor တွေက ပုံသေအမြန်နှုန်းနဲ့ပဲ လည်ပြီးတော့လိုအပ်တဲ့ အပူချိန်ရောက်ရင် compressor တွေကို ရပ်ထားမှာဖြစ်ပါတယ်။ အခန်းအပူချိန် ပြောင်းသွားပြီဆိုရင် full speed နဲ့ ပြန်လည်ပါတယ်။

Non-inverter type တွေမှာ compressor ကို On or Off ၂ မျိုးပဲလုပ်ပေးနိုင်ပြီး လိုအပ်သလောက် အမြန်နှုန်းအတိုင်း လျော့ချပြီး မလုပ်ပေးနိုင်ပါဘူး။ Non-inverter type washing machine တွေမှာဆိုရင် အထဲမှာ ထည့်ထားတဲ့ အဝတ် ပမာဏ နဲနဲ များများ ပုံသေ အမြန်နှုန်းနဲ့ပဲ လည်ပြီး သန့်စင်ပေးမှာဖြစ်ပါတယ်။

Non-inverter အမျိုးအစားတွေရဲ့ အားနည်းချက်တွေက မီးအားပိုစားမယ်၊ အသံပိုကျယ်ပြီးတော့ အခန်းအပူအချိန် အနိမ့်အမြင့် ခဏခဏ ပြောင်းလဲတတ်တာကြောင့် သက်တောင့် သက်သာ မရှိတာမျိုး ဖြစ်တတ်ပါတယ်။

အပေါ်မှာပြောသွားခဲ့တဲ့ လျှပ်စစ်ဓာတ်အား ချွေတာဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖတ်ပြီးလို့ inverter စနစ် ပါဝင်တဲ့ အဲကွန်း၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်တွေ လိုအပ်တယ်ဆိုရင်တော့ UNiQUE ၏ ရန်ကုန်ဆိုင်ခွဲများဖြစ်သော #ပန်းဆိုးတန်းဆိုင်ခွဲ၊ #သင်္ဃန်းကျွန်းဆိုင်ခွဲ နှင့် #ကမ္ဘာအေးဆိုင်ခွဲ နှင့် မန္တလေးဆိုင်ခွဲဖြစ်သော ယူနစ်(၇၈ လမ်း) ဆိုင်ခွဲ၊ ယူနစ် (၆၂ လမ်း) ဆိုင်ခွဲတို့တွင် အမျိုးအစားအစုံအလင် ရွေးချယ်ဝယ်ယူရရှိနိုင်ပါတယ်။

🔹 Inverter စနစ်ပါဝင်တဲ့ အဲကွန်း၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် အမျိုးအစားနဲ့ စျေးနှုန်းများကို အောက်ပပါ Link များတွင် အသေးစိတ်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်.. 👇👇👇

အဲကွန်စျေးနှုန်း အသေးစိတ်ကိုတော့ https://unique.com.mm/collections/air-conditioner တွင်ကြည့်ရှု့နိုင်ပါတယ်...

ရေခဲသေတ္တာစျေးနှုန်း အသေးစိတ်ကိုတော့ https://unique.com.mm/collections/refrigerator တွင်ကြည့်ရှု့နိုင်ပါတယ်...

အဝတ်လျှော်စက်စျေးနှုန်း အသေးစိတ်ကိုတော့ https://unique.com.mm/collections/washing-machine တွင်ကြည့်ရှု့နိုင်ပါတယ်...

*******************

🔹▪️🔹▪️🔹▪️🔹

☎️ ဖုန်းဆက်ပြီး အိမ်အရောက်မှာယူချင်တယ်ဆိုရင်တော့...

● 09 45 2244 100
● 09 45 2244 200
● 09 45 2244 300
● 09 45 2244 400
● 09 45 2244 500 ကို နံနက် (၁၀) နာရီခွဲ မှ ည(၆) နာရီအထိ ဆက်သွယ်မှာလို့ရတယ်နော်…

******************

🛍 🛒 ကိုယ်တိုင်ကိုယ်ကျ လာရောက်စမ်းသပ်ပြီး စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူလိုတဲ့ Customer များအတွက် 🏛ယူနစ်ဆိုင်ခွဲများမှာ ရန်ကုန်မြို့တွင် (၇) ဆိုင်၊ မန္တလေးမြို့တွင် (၂) ဆိုင် စုစုပေါင်း (၉) ဆိုင် ရှိပါတယ်။

🏛 မန္တလေးဆိုင်ခွဲ လိပ်စာတွေကတော့ ~

- ယူနစ် (၇၈ လမ်း)
အမှတ်(၁၀/၁၁)၊ ၇၈လမ်း၊ ၃၃ x ၃၄ ကြား၊
ဒိုင်းမွန်းပလာဇာအရှေ့၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - (၀၉) ၈၉ ၂၀၀၀ ၁၀၀၊ (၀၉) ၄၀ ၂၀၀၀ ၁၀၀၊ (၀၉) ၆၇ ၂၀၀၀ ၁၀၀၊ (၀၉) ၆၈ ၂၀၀၀ ၁၀၀

- ယူနစ် (၆၂ လမ်း)
အမှတ်(၂၉/၃၀)၊ ၆၂ လမ်း၊
ခိုင်ရွှေဝါ (၁၀၉) လမ်းနှင့် မနော်ဟရီ (၁၁၀) လမ်းကြား၊
စင်ထရယ်ပွိုင့်အရှေ့၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့25။
ဖုန်း - (၀၉) ၈၉ ၂၀၀၀ ၂၀၀၊ (၀၉) ၆၇ ၂၀၀၀၂၀၀၊ (၀၉) ၆၈ ၂၀၀၀ ၂၀၀

🏛 ရန်ကုန်ဆိုင်ခွဲ လိပ်စာတွေကတော့ ~

- ယူနစ် (ပန်းဆိုးတန်း)
အမှတ် (၂၆၁)၊ ပန်းဆိုးတန်းလမ်း (အထက်ဘလောက်)၊
အနော်ရထာလမ်းနှင့်ဗိုလ်ချုပ်လမ်းမကြီးကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၁၀၀၊ (၀၉) ၄၀ ၁၀၀၀ ၁၀၀၊

- ယူနစ် (ဆိပ်ကမ်းသာလမ်း)
အမှတ် (၁၉၄)၊ ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊
မဟာဗန္ဓ္ဓုလလမ်းနှင့်အနော်ရထာလမ်းမကြီးကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၂၀၀၊ (၀၉) ၄၀ ၁၀၀၀ ၂၀၀၊

- ယူနစ် (ဦးချစ်မောင်)
အမှတ် (၁၇၁)၊ ဦးချစ်မောင်လမ်းမကြီး၊
ဦးချစ်မောင်အိမ်ရာအနီး၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၃၀၀၊ (၀၉) ၄၀ ၁၀၀၀ ၃၀၀၊

- ယူနစ် (လှိုင်)
အမှတ် (၃၁) အင်းစိန်လမ်းမကြီး၊
အင်းစိန်လမ်းမကြီးနှင့်ကန်လမ်း လမ်းဆုံထိပ် (ဘူတာရုံမှတ်တိုင်အရှေ့) (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၄၀၀၊ (၀၉) ၄၀ ၁၀၀၀ ၄၀၀၊

- ယူနစ် (မြောက်ဥက္ကလာပ)
အမှတ် (၉၂၃)၊ သုဓမ္မာလမ်းမကြီး၊
သုဓမ္မာလမ်း နှင့် ဝေဘာဂီလမ်းမကြီး လမ်းဆုံအနီး၊
(ဈ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၅၀၀၊ (၀၉) ၄၀ ၁၀၀၀ ၅၀၀၊

- ယူနစ် (သင်္ဃန်းကျွန်း)
အမှတ် (၃၃)၊ လေးထောင့်ကန်လမ်းမကြီး၊
AKK Shopping Mall မျက်စောင်းထိုး၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၆၀၀၊ (၀၉) ၄၀ ၁၀၀၀ ၆၀၀၊

- ယူနစ် (ကမ္ဘာအေး)
အမှတ် (၄၁)၊ ကမ္ဘာအေးလမ်းမကြီး၊
ဟာမစ်တစ်ကားမှတ်တိုင်နှင့်နှင်းဆီကုန်းဘိုးဘွားရိပ်သာကြား၊
ရွှေတောင်ကြား (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၇၀၀၊ (၀၉) ၄၀ ၁၀၀၀ ၇၀၀

Leave a comment