Apple ရဲ့ Developer Conference (WWDC 2020) မှာ ဘာတွေကိုမိတ်ဆက်ပေးသွားခဲ့လဲ...❓❓
အခု Covid ကာလမှာ WWDC 2020 ကိုတက်ရောက်တဲ့သူတွေမပါပဲနဲ့ အိမ်ကနေပဲတိုက်ရိုက်ကြည့်ရှုလို့ရအောင် Live Streaming ပုံစံမျိုးပဲလုပ်ပေးသွားပါတယ်။ ဒီနှစ် WWDC မှာတော့ Apple ရဲ့ Product အသစ်တွေကို ဘာမှပြောသွားတာမျိုးမရှိပဲနဲ့ Apple ရဲ့ Software ပိုင်းတွေကိုပဲ အသားပေးပြီးကြေညာပေးသွားခဲ့ပါတယ်။ ကြေညာပေးသွားခဲ့တာတွေကတော့ 👇

#iOS_14

👉ဒီနှစ် WWDC မှာကတော့ iOS Version အသစ်ဖြစ်တဲ့ iOS 14 ကိုပထမဆုံးအနေနဲ့ ပွဲဦးထွက်ကြေညာပေးခဲ့ပါတယ်...

အခုထွက်လာမယ့် iOS 14 မှာတော့ အရင်က ထွက်ခဲ့တဲ့ iOS Version တွေထက်ကို Theme တစ်ခုပုံစံအနေနဲ့ အမြင်ပိုဆန်းအောင်လုပ်ထားပေးတာကိုတွေ့ရတယ်။ iOS 14 ရဲ့ Features တွေအနေနဲ့ပထမဆုံးပြောရမယ်ဆိုရင်…

App Library – App Library ဆိုပေမဲ့လည်း App Drawer ပုံစံမျိုးပဲ…
ကိုယ်က Application တစ်ခုသုံးချင်လို့ရှာမယ်ဆိုလို့ရှိရင် လွယ်ကူအောင် App တွေကိုတစ်စုတစ်စည်းတည်း Suggestion, recently added, Social စသဖြင့် Categories ခွဲတာ၊ စုထားတာမျိုးတွေကို အလိုအလျောက်လုပ်ပေးပါတယ်။

Customizable Widgets - အခုဒီ iOS 14 မှာ Widgets တွေကိုအရင် iOS တွေတုန်းကလို Page တစ်ခုအနေနဲ့မဟုတ်ပဲ Home screen ပေါ်ကိုရွှေ့ပြီးတင်ထားလို့ရပါတယ်။ ပြီးတော့ တစ်နေ့တာအချိန်တွေအပေါ်မူတည်ပြီး Widgets တွေကိုအလိုအလျောက်ပြောင်းအောင် Smart stack widget ဆိုပြီးလည်း Widgets နဲ့ပတ်သတ်ပြီး Features တစ်ခုပါပါသေးတယ်။

Jiggle Mode – Application တွေတင်ထားတဲ့ Page တွေများနေမယ် ဆိုရင် Page တွေကိုစီစဉ်တာနဲ့ ကိုယ်မမြင်ချင်တဲ့ Page တွေကိုဖျောက်ထားတာတွေလုပ်လို့ရအောင် Jiggle mode ကနေလုပ်လို့ရပါတယ်။

Picture in Picture Video Support - ကိုယ်က Video ကြည့်နေရင်းနဲ့တစ်ခြားလုပ်စရာတစ်ခုရှိမယ်ဆိုရင်လည်း Video ကိုပိတ်စရာမလိုပဲ (၂) ခုလုံးတစ်ပြိုင်တည်းဖွင့်ထားလို့ရပါတယ်။ ဥပမာအားဖြင့် Video ကြည့်နေရင်းနဲ့ ကိုယ်က မှတ်စရာတစ်ခုပေါ်လာမယ်ဆိုရင် Video ကြည့်ရင်းတန်းလန်း Notes ကိုဖွင့်ပြီးမှတ်လို့ ရပါတယ်။

Siri – Siri က အရင် iOS တွေတုန်းကလို Full screen interface အနေနဲ့မဟုတ်တော့ပဲ Screen အောက်ဘက်အခြမ်းမှာ နေရာတစ်ခုအနေနဲ့ပဲယူပါတော့တယ်။ ရလာတဲ့ Results တွေကိုလည်း Noti ပုံစံအဖြစ်နဲ့ပဲဖော်ပြသွားမှာဖြစ်ပါတယ်။

Translate App - ဘာသာစကား (၁၁) မျိုးကို Internet မလိုပဲ ဘာသာပြန်ဆိုနိုင်ပါတယ်။

App clips – Install မလုပ်ရသေးတဲ့ Apps တွေရဲ့ အစိတ်အပိုင်းတစ်ခုကိုယူသုံးလို့ရတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဥပမာ -ကော်ဖီဆိုင်မှာငွေရှင်းဖို့ ကော်ဖီဆိုင်ရဲ့ Application ကို Install မလုပ်ပဲနဲ့ Apple Pay payment အတွက် အဲသည် App ရဲ့တစ်စိတ်တစ်ပိုင်းကိုအသုံးပြုလို့ရပါတယ်။

Messaging App – Messaging app နဲ့ပတ်သတ်ပြီးလည်း Conversation တွေကို အပေါ်ဆုံးရောက်အောင် Pin လုပ်ထားလို့ရပါတယ်။ ပြီးတော့ Group Chat တွေအတွက် Inline Replies ဆိုတဲ့ Feature လည်းပါပါသေးတယ်။ Animoji တွေလည်းတော်တော်များများစုံစုံလင်လင်ကို တိုးပြီးထည့်ပေးထားတယ်။

Default apps settings for email and browser - အရင် iOS တွေမှာ Internet browser နဲ့ Email တွေကို ဘယ် Browser app နဲ့အမြဲသုံးမယ်ဆိုတာ Setting ပေးထားလို့မရပေမဲ့အခု iOS 14 မှာတော့အဲသည် Setting ပါလာပါပြီ။

ပြီးတော့ Apple Map ကလည်း Routing အတွက် နိုင်ငံတွေ တိုးပြီးထည့်ပေးလာတယ်။ ပြီးတော့ cycling mode ကနေလည်း Bike routes တွေကိုကြည့်လို့ရတယ်။ Electric car ပိုင်ရှင်တွေအတွက် EV Routing mode ကနေလည်း ကားကို Charging သွင်းလို့ရတဲ့နေရာတွေကိုပြပေးသွားမှာဖြစ်ပါတယ်။

iOS 14 ရဲ့ Feature တစ်ခုအနေနဲ့ iPhone ကို ကားသော့အနေနဲ့ပါအသုံးပြုလို့ရလာတော့ပါမယ်ဆိုတာကို BMW M5 2021 နဲ့လည်းစမ်းပြပေးခဲ့ပါတယ်။

#iPadOS 14

👉iPadOS 14 ကလည်း Widgets တွေနဲ့ပတ်သတ်ပြီး iOS 14 ရဲ့ Widgets Features တွေ Customization အတိုင်းပဲလုပ်ပေးထားတယ်။ Siri ကလည်း Screen တစ်ခုလုံးနေရာမယူတော့ဘဲ ထောင့်တစ်နေရာကပ်သွားတယ်။ Phone call တွေလည်း Screen တစ်ခုလုံးနေရာမယူတော့ပဲ Notification တစ်ခုအနေနဲ့ပဲနေရာယူတော့တာကိုတွေ့ရတယ်။

Search bar ကိုလည်း Size နည်းနည်းသေးအောင်လုပ်ပေးထားတယ်။
ပြီးတော့ Apple pencil သုံးတဲ့သူတွေအတွက် Scribble ဆိုတဲ့ Feature တစ်ခုက အသစ်အဆန်းပါလာတယ်။ ပြောရမယ်ဆိုရင် စာရိုက်လို့ရတဲ့နေရာမှန်သမျှမှာ စာရိုက်စရာမလိုပဲနဲ့ Apple pencil နဲ့စာရေးလိုက်တာနဲ့ ရေးလိုက်တဲ့စာကို Text အဖြစ်ပြန်ပြောင်းပြီး ဖြည့်ပေးမှာပဲဖြစ်ပါတယ်။ OCR (Optical Character Recognition) က တော်တော်လေးကိုကောင်းလာတယ်လို့ပဲပြောရတာပေါ့။

#Airpods_Features

👉Airpods Features တွေနဲ့ပတ်သတ်ပြီး iOS 14 တို့ iPadOS 14 တို့မှာတစ်ခုထူးထူးဆန်းဆန်းထည့်ပေးလာတာက Airpods ကို ကိုယ်သုံးနေတဲ့ iDevice တွေနဲ့ပဲချိတ်ပေးသွားတဲ့ Features ဖြစ်ပါတယ်။ ဥပမာ - ကိုယ်က iPhone မှာသီချင်းနားထောင်နေရင်းနဲ့ သီချင်းနားမထောင်တော့ပဲ iPad မှာ Video ကြည့်မယ်ဆိုပြီး iPad ကိုကိုင်လိုက်တာနဲ့ Airpods က iPad ကို အလိုအလျောက်ချိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

#WatchOS_7

👉ကိုယ့်ရဲ့ Watch face တွေကို တခြားသူတွေကိုလည်း Message တွေ Social media တွေကနေတစ်ဆင့် Share လုပ်လို့ရတဲ့ Watch Face sharing ကိုလည်းအခုလာမယ့် Apple WatchOS 7 မှာထည့်ပေးထားတယ်။ အခု 2020 Covid ကာလမှာစက္ကန့် (၂၀) လက်ဆေးနိုင်ဖို့အတွက် လက်ဆေးတာနဲ့ နာရီကနေအလိုအလျောက်သိပြီး စက္ကန့် (၂၀)ထိရေတွက်ပေးတဲ့ Automatic Hand Washing Detection ကိုလည်း Feature တစ်ခုအနေနဲ့ထည့်ပေးထားပါတယ်။ တခြား Smart Watch တွေမှာမပါတဲ့ Sleep Tracking ဆိုတဲ့ Feature ကိုလည်းထည့်ပေးထားပါသေးတယ်။

#MacOS_Big_Sur

👉iOS 14 ပြီးရင်ဒုတိယအသားပေးကြေညာသွားတာကတော့ MacOS 11 ဖြစ်လာမယ့် MacOS big sur ပဲဖြစ်ပါတယ်။ Big sur မှာတော့ User Interface နဲ့ပတ်သတ်ပြီးတော်တော်လေးကို Improvement လုပ်ထားတာကိုတွေ့ရတယ်။ ပိုပြီး Rounded လုပ်ထားတဲ့ corners တွေ icon တွေအပြင် Windows တိုင်းလိုလိုမှာ Transparency Effects တွေထည့်ပေးထားပါတယ်။ ပြီးတော့ Quick Setting နဲ့ Notification center ကိုလည်းထည့်ပေးထားသေးတယ်။

#Apple_CPU

👉Surprise ဖြစ်စရာအနေနဲ့ WWDC 2020 မှာ Apple ရဲ့ Hardware ပိုင်နဲ့ပတ်သတ်ပြီးကြေညာခဲ့တာလည်းရှိပါသေးတယ်။ အဲတာကတော့ Apple Mac တွေမှာ လက်ရှိအချိန်အထိ CPU ကို Intel CPU ကိုသုံးထားပေမဲ့နောက်ပိုင်းမှာတော့ Apple ရဲ့ကိုယ်ပိုင် CPU ကိုပဲသုံးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပြီးတော့ Apple CPU ကိုသုံးတဲ့ Mac တွေကိုလည်း အခုနှစ်ကုန်ပိုင်းလောက်မှာတော့ မိတ်ဆက်ပေးနိုင်ပါတယ်။

🔹▪️🔹▪️🔹▪️🔹

ယူနစ်၏ ဆောင်ပုဒ်ဖြစ်သည့် “The One Stop Partner for Your Digital Lifestyle - သင့်ရဲ့ဒီဂျီတယ်လူနေမှုဘဝပုံစံအတွက် ပြီးပြည့်စုံသော အဖော်မွန်” ဆိုသည့်အတိုင်း ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး နှင့် ခေတ်မှီ ဒီဂျီတယ်လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို တစ်နေရာထဲတွင် အစုံလင်ဆုံး ဝယ်ယူရရှိနိုင်အောင် ရောင်းချပေးနေပါသည်။

အွန်လိုင်းကနေ စိတ်တိုင်းကျမွှေနှောက် ရှာဖွေဝယ်ယူပြီး ကန့်သတ်ချက်နဲ့အညီ အခမဲ့အိမ်အရောက်ပို့ခံစားခွင့် ရယူနိုင်ပါတယ်..

☎️ ဖုန်းဆက်ပြီး အိမ်အရောက်မှာယူချင်တယ်ဆိုရင်တော့...

● 09 45 2244 100
● 09 45 2244 200
● 09 45 2244 300
● 09 45 2244 400
● 09 45 2244 500 ကို နံနက် (၁၀) နာရီခွဲ မှ ည(၆) နာရီအထိ ဆက်သွယ်မှာလို့ရတယ်နော်…

******************

ဆိုင်ကိုလာရောက်ဝယ်ယူချင်ဆိုရင် ယူနစ် ဆိုင်ခွဲ 🏛လိပ်စာများကတော့ ~

- ယူနစ် (ပန်းဆိုးတန်း)

အမှတ် (၂၆၁)၊ ပန်းဆိုးတန်းလမ်း (အထက်ဘလောက်)၊
အနော်ရထာလမ်းနှင့်ဗိုလ်ချုပ်လမ်းမကြီးကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၁၀၀၊ (၀၉) ၄၅၅ ၂၀ ၉၁၀၀၊ (၀၉) ၉၆၄ ၂၀ ၉၁၀၀


- ယူနစ် (ဆိပ်ကမ်းသာလမ်း)
အမှတ် (၁၉၄)၊ ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊
မဟာဗန္ဓ္ဓုလလမ်းနှင့်အနော်ရထာလမ်းမကြီးကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၂၀၀၊ (၀၉) ၄၀ ၁၀၀၀ ၂၀၀၊ (၀၉) ၄၅၅ ၂၀ ၉၂၀၀၊ (၀၉) ၉၆၄ ၂၀ ၉၂၀၀


- ယူနစ် (ဦးချစ်မောင်)
အမှတ် (၁၇၁)၊ ဦးချစ်မောင်လမ်းမကြီး၊
ဦးချစ်မောင်အိမ်ရာအနီး၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၃၀၀၊ (၀၉) ၄၀ ၁၀၀၀ ၃၀၀၊ (၀၉) ၄၅၅ ၂၀ ၉၃၀၀၊ (၀၉) ၉၆၄ ၂၀ ၉၃၀၀၊


- ယူနစ် (လှိုင်)
အမှတ် (၃၁) အင်းစိန်လမ်းမကြီး၊
အင်းစိန်လမ်းမကြီးနှင့်ကန်လမ်း လမ်းဆုံထိပ် (ဘူတာရုံမှတ်တိုင်အရှေ့) (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၄၀၀၊ (၀၉) ၄၀ ၁၀၀၀ ၄၀၀၊ (၀၉) ၄၅၅ ၂၀ ၉၄၀၀၊ (၀၉) ၉၆၄ ၂၀ ၉၄၀၀၊


- ယူနစ် (မြောက်ဥက္ကလာပ)
အမှတ် (၉၂၃)၊ သုဓမ္မာလမ်းမကြီး၊
သုဓမ္မာလမ်း နှင့် ဝေဘာဂီလမ်းမကြီး လမ်းဆုံအနီး၊
(ဈ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၅၀၀၊ (၀၉) ၄၀ ၁၀၀၀ ၅၀၀၊ (၀၉) ၄၅၅ ၂၀ ၉၅၀၀၊ (၀၉) ၉၆၄ ၂၀ ၉၅၀၀၊


- ယူနစ် (သင်္ဃန်းကျွန်း)
အမှတ် (၃၃)၊ လေးထောင့်ကန်လမ်းမကြီး၊
AKK Shopping Mall မျက်စောင်းထိုး၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၆၀၀၊ (၀၉) ၄၀ ၁၀၀၀ ၆၀၀၊ (၀၉) ၄၅၅ ၂၀ ၉၆၀၀၊ (၀၉) ၉၆၄ ၂၀ ၉၆၀၀၊


- ယူနစ် (ကမ္ဘာအေး)
အမှတ် (၄၁)၊ ကမ္ဘာအေးလမ်းမကြီး၊
ဟာမစ်တစ်ကားမှတ်တိုင်နှင့်နှင်းဆီကုန်းဘိုးဘွားရိပ်သာကြား၊
ရွှေတောင်ကြား (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၀၉) ၈၉ ၁၀၀၀ ၇၀၀၊ (၀၉) ၄၀ ၁၀၀၀ ၇၀၀၊ (၀၉) ၄၅၅ ၂၀ ၉၇၀၀၊ (၀၉) ၉၆၄ ၂၀ ၉၇၀၀၊

 

- ယူနစ် (၇၈ လမ်း)
အမှတ်(၁၁)၊ ၇၈လမ်း၊ ၃၃ x ၃၄ ကြား၊
ဒိုင်းမွန်းပလာဇာအရှေ့၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - (၀၉) ၈၉ ၂၀၀၀ ၁၀၀၊ (၀၉) ၄၀ ၂၀၀၀ ၁၀၀၊ (၀၉) ၆၇ ၂၀၀၀ ၁၀၀၊ (၀၉) ၆၈ ၂၀၀၀ ၁၀၀

 

- ယူနစ် (၆၂ လမ်း)
အမှတ်(၃၀)၊ ၆၂ လမ်း၊
ဂေါ်သဇင် နှင့် ခိုင်ရွှေဝါ ကြား၊
စင်ထရယ်ပွိုင့်အရှေ့၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း - (၀၉) ၈၉ ၂၀၀၀ ၂၀၀ ဖြစ်ပါတယ်။

2 comments

lattammamaphorn

lattammamaphorn

casino online slots [url=http://onlinecasinouse.com/# ]real money casino [/url] real casino slots vegas casino slots http://onlinecasinouse.com/#

lattammamaphorn

lattammamaphorn

free online slots casino bonus codes online casino real money casino play http://onlinecasinouse.com/#

Leave a comment