ASUS TUF Gaming F16 (FX608) 🤩

Gaming Laptop တွေထဲမှာဆရာကျပြီး...😍
Gamer တော်တော်များများကြိုက်ကြတဲ့ ASUS TUF Gaming Series ထဲက 
အသစ်ရောက်ရှိလာတဲ့ ASUS TUF Gaming F16...🤩

Gaming Laptop တစ်လုံးဟာ Raw Performance ကောင်းရုံနဲ့ မလုံလောက်ပါဘူး 🙂

အချိန်ကြာကြာ ဂိမ်းကစားတာ၊ တစ်ချိန်တည်းမှာ App တွေ၊ Tab တွေ အများကြီးဖွင့်ပြီး Multitasking လုပ်တာတွေက နေ့စဉ်အသုံးပြုမှုမှာ ပုံမှန်ကြုံရတဲ့အရာတွေပါ။

ဒါကြောင့် Laptop တစ်လုံးရဲ့ Performance ဆိုတာ ခဏတာအတွင်း မြန်ဆန်နေရုံနဲ့ မပြီးဘဲ အချိန်ကြာကြာ အသုံးပြုနေချိန်မှာပါ တည်ငြိမ်စွာ Performance ကို ဆက်လက်ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။

ဒီလို Performance ကို ရရှိဖို့ဆိုရင် CPU နဲ့ GPU ရဲ့ Raw Power တစ်ခုတည်းမဟုတ်ဘဲ Cooling Technology, Power Management နဲ့ Software Control တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

Gaming Laptop ဆိုပေမယ့် Gaming တစ်ခုတည်းအတွက်လည်း မဟုတ်ပါဘူး။

တစ်နေ့တာမှာ Game ကစားတာကနေ အလုပ်လုပ်တာ၊ Engineering Software အသုံးပြုတာ၊ Content ဖန်တီးတာအထိ အသုံးပြုမယ့်ပုံစံက ကွဲပြားနိုင်ပါတယ်။

ဒါကြောင့် Gaming Laptop တစ်လုံးက Performance ရှိရုံမဟုတ်ဘဲ ဘယ်လိုအခြေအနေမှာမဆို အလုပ်ဖြစ်ဖို့၊ အချိန်ကြာကြာအသုံးခံဖို့နဲ့ ကိုယ်လိုအပ်သလို ပြန်လည် Upgrade လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

POWER THAT LASTS

ဒီလိုအချက်တွေကို တစ်စုတစ်စည်းတည်း ကြည့်မယ်ဆိုရင် ASUS TUF Gaming F16 (FX608) က Performance ကို ဦးစားပေးထားတဲ့ 16-inch Gaming Laptop တစ်လုံးဖြစ်ပါတယ်။

Intel Core Ultra 9 Processor 275HX အထိနဲ့ NVIDIA GeForce RTX 5070 Laptop GPU အထိ တပ်ဆင်နိုင်တာကြောင့် AAA Games တွေ၊ Esports Games တွေနဲ့ Heavy Workload တွေကို ကိုင်တွယ်နိုင်မယ့် Performance ကို ပေးစွမ်းနိုင်ပါတယ်။

RTX 50 Series ရဲ့ Blackwell Architecture နဲ့ DLSS 4 Multi Frame Generation တို့ကြောင့် Supported Games တွေမှာ Frame Rate ကို ပိုမိုမြှင့်တင်နိုင်သလို NVIDIA Reflex 2 နဲ့ Latency ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် Powerful Hardware တစ်ခုတည်းနဲ့ အဲ့ဒီ Performance ကို အချိန်ကြာကြာ ဆက်ထိန်းထားဖို့ မလွယ်ပါဘူး။

အဲ့ဒီနေရာမှာ TUF Gaming F16 ရဲ့ Cooling Design က အရေးကြီးလာပါတယ်။

Dual 2nd Gen Arc Flow Fans™ နဲ့ Full-Width Heatsink Design ကို အသုံးပြုထားပြီး Laptop အတွင်းက အပူကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ ဒီဇိုင်းဆွဲထားပါတယ်။

Heatsink က Chassis ရဲ့ အကျယ်အဝန်း 89% လောက်အထိ ဖုံးအုပ်ထားပြီး High-Density Fins နဲ့ Heatpipe Network တွေကို ပေါင်းစပ်အသုံးပြုထားပါတယ်။ ဒါကြောင့် Gaming လို Performance အများကြီးလိုအပ်တဲ့အချိန်မှာ Thermal Management ကို ပိုကောင်းကောင်း ထိန်းချုပ်နိုင်စေပါတယ်။

PERFORMANCE, UNDER CONTROL

ဒါ့အပြင် Performance ကို Hardware တစ်ခုတည်းနဲ့ပဲ ထိန်းချုပ်ထားနိုင်တာတော့မဟုတ်ပါဘူး။

Armoury Crate ကနေ Silent, Performance, Turbo နဲ့ Manual Mode တွေကို အသုံးပြုပြီး ကိုယ်လုပ်နေတဲ့အလုပ်နဲ့ လိုက်ဖက်အောင် Performance နဲ့ Fan Control ကို ပြောင်းလဲနိုင်ပါတယ်။

နေ့စဉ်အလုပ်တွေအတွက် Silent Mode ကို အသုံးပြုနိုင်သလို Gaming Session ရှည်ရှည်တွေမှာ Performance သို့မဟုတ် Turbo Mode ကို အသုံးပြုပြီး Hardware ရဲ့ Performance ကို ပိုမိုအသုံးချနိုင်ပါတယ်။

တစ်နည်းအားဖြင့် လိုအပ်တဲ့အချိန်မှာ Power ပေးနိုင်ပြီး မလိုအပ်တဲ့အချိန်မှာ Power ကို ထိန်းချုပ်ပေးနိုင်တဲ့ System တစ်ခုလို့ ပြောလို့ရပါတယ်။

SEE MORE. PLAY MORE

Gaming Laptop တစ်လုံးမှာ Performance အပြင် Display ကလည်း အရေးကြီးပါတယ်။

F16 မှာ 16-inch 16:10 Display နဲ့ 165Hz Refresh Rate ပါဝင်ပြီး 2.5K Resolution Configuration အထိ ရွေးချယ်နိုင်ပါတယ်။

100% sRGB Color Gamut ပါဝင်တာကြောင့် Color Accuracy ပိုင်းမှာလည်း အားကောင်းပြီး Gaming အတွက်သာမက —
•    Engineering Software တွေ အသုံးပြုတာ၊
•    Color Accuracy အရေးကြီးတဲ့ Photo Editing နဲ့ Video Editing တွေ၊
•     ရုပ်ထွက်အသေးစိတ်နဲ့ အရောင်တိကျမှုလိုအပ်တဲ့ Creative Work တွေမှာပါ အသုံးဝင်စေမှာဖြစ်ပါတယ်။

G-SYNC ပါဝင်တာကြောင့် Gaming ဆော့နေတဲ့အချိန်မှာ Screen Tearing နဲ့ Stuttering တွေကို လျှော့ချပေးနိုင်ပြီး MUX Switch နဲ့ NVIDIA Advanced Optimus ကြောင့် iGPU နဲ့ dGPU ကြားကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

READY TO EVOLVE

Laptopတစ်လုံးဟာ သာမန် Gadget ပစ္စည်းတွေလို အသစ်ထွက်လာတိုင်း Update Model လဲကိုင်နေတာမျိုးထက် တစ်ခါဝယ်ယူပြီးရင် ရေရှည်အသုံးပြုဖို့ရွေးချယ်ဝယ်ယူကြတာများပါတယ်။ ဒါကြောင့်  Performance တစ်ခုတည်းမဟုတ်ဘဲ Upgrade လုပ်နိုင်မှုကလည်း Laptop တစ်လုံးရဲ့ ရေရှည်အသုံးပြုနိုင်မှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

F16 မှာ RAM အတွက် 2× SO-DIMM Slots နဲ့ Storage အတွက် M.2 SSD Slots 2 ခု ပါဝင်တာကြောင့် နောက်ပိုင်းမှာ RAM နဲ့ Storage ကို ကိုယ်လိုအပ်သလို Upgrade လုပ်နိုင်ပါတယ်။

အခုအချိန်မှာ Storage မလောက်တာ၊ နောက်ပိုင်းမှာ Game Library ကြီးလာတာ၊ ဒါမှမဟုတ် Workload ပိုများလာတာမျိုးတွေ ဖြစ်လာရင် Laptop တစ်လုံးလုံး ပြောင်းစရာမလိုဘဲ Hardware ကို တိုးချဲ့အသုံးပြုနိုင်တာက ရေရှည်အသုံးပြုမှုမှာ အားသာချက်တစ်ခု ဖြစ်ပါတယ်။

ဒီအတွက်လည်း ASUS Authorized Service Centerတွေမှာ အလွယ်တကူ Authentic Spare Part တွေ လဲလှယ်နိုင်ပါတယ် ဒီအချက်ကမြန်မာနိုင်ငံမှာ Laptop နဲ့ပက်သက်လာရင် ASUS Laptop တွေကိုလူကြိုက်များရတဲ့ အကြောင်းအရင်း တစ်ခုလည်းဖြစ်နိုင်ပါတယ််။

BUILT FOR REAL LIFE

ဒါ့အပြင်  TUF Gaming ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ သူ့ရဲ့ DNA မှာကိုက Durabilityနဲ့ Reliability ကို ဉီးစားပေးထားတာကြောင့် Durability ပိုင်းကလည်း ထည့်ပြောရမယ့်အချက်ဖြစ်ပါတယ်

F16 ကို MIL-STD-810H US Military-Grade Testing အပါအဝင် Drop, Vibration, Humidity နဲ့ Temperature Variation စတဲ့ အခြေအနေတွေမှာ စမ်းသပ်ထားတာကြောင့် နေ့စဉ်အသုံးပြုမှုအတွက် ပိုမိုခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။

Gaming Laptop တစ်လုံးကို အိမ်မှာပဲ အမြဲတမ်းထားအသုံးပြုမယ့်သူတွေရှိသလို University,  Office နဲ့  ပိုမိုကြမ်းတမ်းတဲ့ Construction Siteလိုနေရာမျိုးတွေမှာပါ အသုံးပြုရမယ့်သူတွေလည်း ရှိပါတယ်။

ဒီလိုအခြေအနေတွေအားလုံးအတွက် ASUS TUF Gaming F16 က Performance ကောင်းတဲ့ Gaming Machine တစ်လုံးဖြစ်သလို နေ့စဉ်ဘဝထဲမှာ တကယ်ယူသွားပြီး အသုံးပြုနိုင်ဖို့ စဉ်းစားထားတဲ့ Laptop တစ်လုံးလည်း ဖြစ်ပါတယ်။

Chassis အထူက 17.9mm အထိရှိပြီး Weight က 2.3kg ဝန်းကျင်ဖြစ်တာကြောင့် Ultrabook တစ်လုံးလိုတော့ မပေါ့ပါးပေမယ့် 16-inch Gaming Laptop တစ်လုံးအနေနဲ့ Performance နဲ့ Portability ကြားမှာ Balance ရအောင် တည်ဆောက်ထားပါတယ်။

Full-size Keyboard, Physical Numpad, RGB Backlight, Large Trackpad နဲ့ 1080p Webcam တို့လည်း ပါဝင်တာကြောင့် Gaming အပြင်လူငယ်တွေအနေနဲ့ Work နဲ့ Study အတွက်ပါ အသုံးချနိုင်ပါတယ်။

Ports ပိုင်းမှာလည်း HDMI 2.1, USB 3.2 Gen 2 Type-A, Thunderbolt 4, USB-C, RJ45 LAN နဲ့ 3.5mm Audio Jack တွေ ပါဝင်တာကြောင့် External Monitor, Gaming Accessories နဲ့ အခြား Peripheral တွေကို ချိတ်ဆက်အသုံးပြုဖို့ လုံလောက်တဲ့ Connectivity ကို ရရှိစေပါတယ်။

MORE THAN GAMING

ဒီအချက်တွေအားလုံး ပြန်ချုံ့ကြည့်လိုက်မယ်ဆိုရင် ASUS TUF Gaming F16 ရဲ့ အဓိကအားသာချက်က “Performance တစ်ခုတည်းကို လိုက်ထားတဲ့ Gaming Laptop” ဆိုတာထက် ပိုပါတယ်။

Raw Performance ထွက်မယ်။

Performance ကို ကြာကြာထိန်းထားနိုင်ဖို့ Cooling System ကောင်းကောင်းရှိတယ်။

ကိုယ်လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ဖို့ ROG Laptopတွေမှာအသုံးပြုတဲ့ Armoury Crate Software Experienceကို TUF Gaming Series တွေအတွက်ပါထည့်သွင်းထားတဲ့ Windowsဘက်ခြမ်းမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ Software Control ရှိတယ်။

နောင်တစ်ချိန်မှာ လိုအပ်သလို Hardware တွေUpgradeလုပ်နိုင်ဖို့ Upgradeability ရှိတယ်။

နေ့စဉ်အသုံးပြုမှုမှာ ယုံကြည်စိတ်ချရဖို့ Durability ကိုလည်း ထည့်သွင်းစဉ်းစားထားတယ်။

ဒါကြောင့် ASUS TUF Gaming F16 (FX608) က Gaming ကို အဓိကထားပြီး တစ်ချိန်တည်းမှာ Work, Study, Engineering နဲ့ Content Creation အထိ Laptop တစ်လုံးတည်းနဲ့ အသုံးချချင်တဲ့သူတွေအတွက် Performance နဲ့ Practicality ကို တစ်နေရာတည်းမှာ ပေါင်းစပ်ပေးထားတဲ့ 16-inch Gaming Laptop တစ်လုံး ဖြစ်ပါတယ်။

#UNiQUE #LifetimeService
#Computer #Mobile #Phone
#Consumer_Electronic

Leave a comment