Smart TV နဲ့ Android TV ဘာဝယ်သင့်လဲ စဉ်းစားနေသူတွေအတွက်...  ဘယ်လိုတွေ ကွားခြားချက် ရှိသလဲဆိုတာ ပြောပြမေးမယ်နော်..

Smart TV ရဲ့ အားသာချက်…

Smart TV တွေကတော့ Smart Phone, Tablet တို့နဲ့ချိတ်ဆက်ပြီး Phone Screen ပေါ်မှာ ပေါ်သမျှ ပုံရိပ်တွေကို TV Screen အကြီးကြီးနဲ့ အားပါးတရ ကြည့်နိုင်ပါမယ်။

Facebook သုံးတာ၊ ဂိမ်းဆော့တာတွေ အပြင် ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယိုဖိုင်များကို Smart Phone မှ Control လုပ်ပြီး တီဗွီ မျက်နှာပြင်တွင် အသုံးပြုနိုင်ပါတယ်။

Internet Wifi လိုင်းဖြင့် တိုက်ရိုက်ချိတ်ဆက်ထား၍ သတင်း၊ ရာသီဥတုအခြေအနေ၊ စတော့ရှယ်ယာဈေးနှုန်းများ နှင့် Netflix နဲ့ YouTube ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါတယ်။

အဓိကအချက်ကတော့ Smart TV တွေမှာ Built In ပါတဲ့ Software တွေကိုသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Android TV ရဲ့အားသာချက်…

Android TV တွေကတော့ Smart TV များလိုအသုံးပြုလို့ရတာခြင်း အတူတူပင်ဖြစ်ပါတယ်

သို့ပေမယ့် အဓိကအားသာချက်ကတော့ Google Play Store ပါဝင်တဲ့အတွက် သူ့မှာပါတဲ့ Built In Software များအပြင် Approve ပေးတဲ့ TV Software တွေအားလုံး Down ပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်။

Facebook ပိုင်းမှာတော့ Facebook Watch App ကို Down ပြီး Facebook မှာရှိတဲ့ Video တွေကိုသာကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

Leave a comment