🔹HUAWEI nova 7 SE 5G 🔸Kirin 820 5G Soc 🔹64 MP AI Quad Camera 🔸40 W HUAWEI SuperCharge2

SE ဆိုတာဘာလဲ? အခု Huawei Nova Series ထဲက Nova 7 SE ကရော ဘာတွေထူးလဲ.❓❔🤔🤔

Presenter : Nandar Linn🙂
Technical Support : UNiQUE Team
Camera & Edit : UNiQUE Team

Video လေးကိုကြည့်ပြီးကြိုက်နှစ်သက်လို့ ဝယ်ယူမယ်ဆိုရင်တော့ 👉 https://bit.ly/33dnzfo မှာ ဝင်ရောက်ဝယ်ယူအားပေးလို့ရပါတယ်... 🥳

#UNiQUETechReview #SmartphoneReview #MyanmarTechReview #Nova
#Nova_7SE #Fashionable #5G #64MP #Dual_View_Mode #Kirin_820_5G
#Mali_G57 #4000mAh #40Watt_Super_Charge

🔹▪️🔹▪️🔹▪️🔹

🔹 သေသပ်လှပ အံ့အားသင့်ဖွယ်ကောင်းသောလက်မှုပညာ

🔸 နှစ်သက်ဖွယ်ရာကောင်းပြီး လှပသေသပ်သည့်ဒီဇိုင်း

သင့်လက်ထဲမှာ အနည်းငယ်လှည့်ကြည့်လိုက်ရုံနှင့် လှပသော 3D glass မျက်နှာပြင်တွင် အလင်းတန်းအရောင်ပြေးတို့ လှပစွာကပြနေသကဲ့သို့ ဖြစ်နေသည်ကို တွေ့မြင်နိုင်ပါတယ်။ ဖုန်း၏ပုံစံကို ဘေးတွင်ပါဝင်သော အဖွင့်အပိတ်ခလုပ်ကို တစ်စက္ကန့်၏သုံးပုံတစ်ပုံ3 အတွင်း အခက်အခဲမရှိဖွင့်နိုင်ရန် အစရှိတဲ့ functions တွေကို လက်ထဲတွင်ကိုင်တွယ်ရ လွယ်ကူပြီးပြုလုပ်နိုင်ရန်အတွက် ပုံဖော်ပြုလုပ်ထားပါတယ်...

🔸 မြန်ဆန်သော 5G ကွန်ရက်

🔹 လျင်မြန်စွာပြောင်းလဲနေတဲ့ နေ့ရက်တိုင်းကို အမှီလိုက်နိုင်ဖို့

Pure 5G သို့မဟုတ် Dual SIM 5G + 4G - အကောင်းဆုံးသောဆက်သွယ်မှုသည် သင့်လက်ပေါ်တွင်ရှိနေပါတယ်။ အားလုံးထက်စောစွာ ခေတ်ရှေ့ပြေးနေသည့် 5G ခေတ်ကို သင်ကိုယ်တိုင်တွေ့ကြုံခံစားနိုင်ပါပြီ...

 

🔹 စွမ်းဆောင်ရည်မြင့်မားသော Kirin 820 5G SoC

🔸 မိုဘိုင်းစွမ်းဆောင်ရည်ကို ပြောင်းလဲသတ်မှတ်လိုက်ပါ။

HUAWEI nova 7 SE တွင် အဆင့်မြင့် 8-core CPU, 6-core GPU နှင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်အသစ်ရရှိစေရန် ပြုလုပ်ထားသော NPU တို့ဖြင့်ဖွဲ့စည်းထားသော ပိုမိုကောင်းမွန်သည့် 7nm Kirin 820 အသစ်ကိုထည့်သွင်းထားပါတယ်။ Kirin ISP 5.0 သည် ပုံရိပ်များကိုစနစ်တကျဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုတို့တွင် noise များ မထစေရန်အတွက်ပြုလုပ်ရာတွင် ထိပ်တန်းဖြစ်ပါတယ်။

🔸 64 MP AI Quad-Camera System

🔹 အလှတရားများအားလုံးကို ဖမ်းယူလိုက်ပါ

လှပသောရှုခင်းပုံရိပ်များကို ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်ခြင်း၊ လှုပ်ရှားသွားလာနေတဲ့အရာများကို အနီးကပ်ရိုက်ကူးနိုင်ခြင်း သို့မဟုတ် ရင်သတ်ရှုမောဖွယ်ကောင်းအောင်လှပသော အလှပုံရိပ်များကို 64 MP ရှိသောကင်မရာဖြင့် ဖမ်းယူရရှိနိုင်မှာပါ။ ကင်မရာ Lens လေးခုဖြင့် သင့်ရဲ့ဖန်တီးမှုတွေကို လွတ်လပ်စွာရှာဖွေလိုက်ပါ...

🔹 64 MP Main Camera

🔸 အသေးစိတ်မှအစကြည်လင်ပြတ်သားသောပုံရိပ်များ

သင်မျက်လုံးဖြင့်မြင်တွေ့နေရတဲ့အရာများကို ထပ်တူရိုက်ကူးနိုင်ရန်အတွက် စွမ်းဆောင်ရည်မြင့် 1/1.7" CMOS sensor အသုံးပြုထားသော 64 MP ကင်မရာက ဖမ်းယူပေးပါတယ်...

🔸 4K Videography

🔹 သင့်ကမ္ဘာကိုပုံဖော်မည့် သင့်ရဲ့ဗီဒီယိုများ

သင့်ဘဝဖြတ်သန်းနေသည့်ပုံရိပ်များကို အသေးစိတ်မှတ်တမ်းတင်ထားခြင်း သို့မဟုတ် သင့်ရဲ့ vlog အတွက်အသစ်ပေးလိုတာပဲဖြစ်ဖြစ် HUAWEI nova 7 SE ကကူညီပေးနိုင်မှာပါ။ သင့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကိုဖော်ပြပြီး အံ့အားသင့်ဖွယ်ကောင်းအောင် ကြည်လင်သေသပ်သော 4K ဗီဒီယိုများကိုရိုက်ကူးလိုက်ပါ...

🔹 960 fps Slow-Mo

🔸 လက်ရှိအချိန်တွင် စီးမြောခံစားနေထိုင်လိုက်ပါ။

သင်ပျော်ရွှင်စရာတွေကိုတွေ့ကြုံနေရတဲ့အခါမှာ အချိန်တွေဟာအကုန်မြန်ပါတယ်။ 960 frames per second ဖြင့် slow-motion ဗီဒီယိုတွေကိုရိုက်ယူထားခြင်းဖြင့် ပျော်ရွှင်စရာအမှတ်တရတွေရဲ့ မီလီစက္ကန့်တိုင်းကို မှတ်တမ်းတင်ထားနိုင်မှာပါ။

🔸 Dual-View Video

🔹 ဇာတ်လမ်း၏အခြားတစ်ဖက်ကိုပါ ပုံဖော်ရိုက်ကူးလိုက်ပါ...

ဓာတ်ပုံ၊ ရိုက်ကူးရတာကိုနှစ်သက်သလို ကိုယ်တိုင်လည်း ဓာတ်ပုံအရိုက်ခံရပြီး အွန်လိုင်းစတားတစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကြားမှာ ဒွိဟဖြစ်နေပြီလား။ HUAWEI nova 7 SE နှင့်သာဆိုလျှင် သင်ဒီလိုရွေးချယ်စရာလိုတော့မည်မဟုတ်ဘူးဖြစ်ပါတယ်။ သင်နှစ်သက်တဲ့အရာများကို အနောက်ကင်မရာနှင့်ရိုက်ကူးနိုင်ပြီး တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့မျက်နှာအမူအရာနဲ့ လှုပ်ရှားမှုတွေကိုပါရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးသူ အနေနဲ့ရော ကိုယ့်ရဲ့ရိုက်ကူးနေတဲ့ ပုံရိပ်ကိုပါ တပြိုင်နက်တည်း မှတ်တမ်းထင်ထားနိုင်မှာပဲဖြစ်ပါတယ်...

🔹 6.5" Punch FullView Display

🔸 အဆုံးအဆမဲ့ပုံရိပ်တွေကို မျက်နှာပြင်ကျယ်မှာခံစားလိုက်ပါ။

အသေးစိတ်ကအစ ဂရုစိုက်ပြီးဖန်တီးထားတဲ့ ဘေးဘောင်အနားသတ်တွေက သင့်မြင်ကွင်းတွေအတွက် အကောင်းဆုံးကိုသာပေးစွမ်းသွားမှာဖြစ်ပါတယ်။ အရှေ့ကင်မရာကို မျက်နှာပြင်အောက်တွင်ထည့်ထားပြီး 90.3%7မျက်နှာပြင်အချိုးဖြင့် အကန့်အသန့်မရှိ စွဲမက်ဖွယ်ကောင်းသောမြင်ကွင်းကို ရရှိမှာဖြစ်ပါတယ်။

🔸 Super Night Selfie

🔹 တောက်ပနေသောဆယ်လ်ဖီ

HUAWEI nova 7 SE တွင် ညအချိန်တွင်ဓာတ်ပုံရိုက်သောအခါတွင် ကြည်လင်ပြတ်သားပြီး မှောင်မိုက်နေသောညအချိန်တွင်မှာတောင် noise မထအောင်ရိုက်ကူးနိုင်ရန် ယခင်ပရော်ဖက်ရှင်နယ် SLR များတွင်သာ ပါဝင်သော BM3D denoising algorithm ကိုအသုံးပြုထားပါတယ်...

🔹 4000 mAh Battery, 40 W HUAWEI SuperCharge

🔸 အဝေးဆုံးထိသွားနိုင်မည့် စွမ်းအင်

4000 mAh ဘက်ထရီနှင့်အတူ ဘက်ထရီအားကုန်ခြင်းတွေကို အဝေးကိုလွင့်ပစ်လိုက်ပါ.. TÜV Rheinland အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ Huawei ရဲ့ 40 W SuperCharge နည်းပညာဖြင့် နာရီဝက်အားသွင်းရုံနှင့် 70% ထိအားပြည့်နိုင်ပါတယ်...

🔸 EMUI 10.1

🔹 A Seamless AI Life

EMUI 10.2 အသစ်တွင် ချောမွေ့သောအထိအတွေ့ကို ခံစားလိုက်ပါ။ Feature အသစ်အနေဖြင့် သင်ဂိမ်းကစားနေချိန်မှာ ဝင်လာတဲ့မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများကို ဂိမ်းကစားမပျက် ပြန်လည်ဖြေဆိုနိုင်မည့် AppAssistant ပါဝင်လာပါတယ်...

🔸 သင်ချစ်တဲ့အရာတွေကို ပိုမိုသိမ်းဆည်းထားလိုက်ပါ...

🔹 8 GB RAM + 128 GB ROM

RAM 8 GB က အခက်ခဲဆုံးသော multitasking များကိုတောင် အလွယ်တကူကိုင်တွယ်နိုင်ပါတယ်။ ROM 128 GB သည် သင်အကြိုက်ဆုံးဖြစ်သော ဂိမ်းများ၊ ဗီဒီယိုများ၊ ဓာတ်ပုံများနှင့် အက်ပ်များတို့အားလုံးကို သိမ်းဆည်းထားနိုင်ရန် လုံလောက်သောနေရာ ထောက်ပံ့ပေးထားပါတယ်...

🔹▪️🔹▪️🔹▪️🔹

ယူနစ်၏ ဆောင်ပုဒ်ဖြစ်သည့် “The One Stop Partner for Your Digital Lifestyle - သင့်ရဲ့ဒီဂျီတယ်လူနေမှုဘဝပုံစံအတွက် ပြီးပြည့်စုံသော အဖော်မွန်” ဆိုသည့်အတိုင်း ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး နှင့် ခေတ်မှီ ဒီဂျီတယ်လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို တစ်နေရာထဲတွင် အစုံလင်ဆုံး ဝယ်ယူရရှိနိုင်အောင် ရောင်းချပေးနေပါသည်။

အွန်လိုင်းကနေ စိတ်တိုင်းကျမွှေနှောက် ရှာဖွေဝယ်ယူပြီး ကန့်သတ်ချက်နဲ့အညီ အခမဲ့အိမ်အရောက်ပို့ခံစားခွင့် ရယူနိုင်ပါတယ်..

☎️ ဖုန်းဆက်ပြီး အိမ်အရောက်မှာယူချင်တယ်ဆိုရင်တော့...

● 09 45 2244 100
● 09 45 2244 200
● 09 45 2244 300
● 09 45 2244 400
● 09 45 2244 500 ကို နံနက် (၁၀) နာရီခွဲ မှ ည(၆) နာရီအထိ ဆက်သွယ်မှာလို့ရတယ်နော်…

******************

1 comment

lattammamaphorn

lattammamaphorn

casino game [url=http://onlinecasinouse.com/# ]online gambling [/url] big fish casino online casino games http://onlinecasinouse.com/#

Leave a comment