Apple ရဲ့ WWDC 2022 မှာ ဘာတွေကိုမိတ်ဆက်ပေးသွားခဲ့လဲ...❓

Apple ရဲ့ WWDC 2022 မှာ iOS 16, iPadOS 16, WatchOS 9, MacOS Ventura, MacBook Air, Macbook Pro, M2 Chip တို့ကို မိတ်ဆက်ပေးလိုက်ပါပြီ...

#IOS_16

Lockscreen widget တွေအသုံးပြုနိုင်ပါပြီ။ Customize လုပ်နိုင်ပါမယ်။ Notification တွေကို အောက်ဖက်ကနေ ပြပေးတဲ့ဒီဇိုင်းဖြစ်သွားပါမယ်။ Depth effect wallapper, weather, Astronomy လိုမျိုး Real time background တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ i-message သမားတွေအတွက် စာပို့တဲ့အခါ Edit & undo send လုပ်လို့ရလာပါမယ်။ စာပို့ဖို့အတွက် Voice Text အသုံးပြုပြီးလည်း ရိုက်နိုင်ပါတယ်။

ကိုယ်နှစ်သက်တဲ့ Photo တွေကို Background ဖျောက်ပြီး Sticker အနေဖြင့်အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Photo မှာပါတဲ့ Text တွေကို Direct Translate အသုံးပြုနိုင်ပါမယ်။ Apple Home ကိုလည်း ပို၍ကောင်းအောင် ပြင်ဆင်ပေးထားပါတယ်။ Apple Car Play ရဲ့လုပ်ဆောင်ချက်အသစ်တွေကိုလည်း မိတ်ဆက်သွားပါတယ်။ Car ရဲ့ Display ပေါ်မှာပဲ Speed, Fuel, Temlerature တွေကို Theme မျိုးစုံဖြင့် Customize အသုံးပြုနိုင်ပါမယ်။

#IPadOS_16

အွန်လိုင်းအသုံးပြုပြီး သုံးမယ့် Apps တွေအတွက် တော်တော်လေး မိုက်တဲ့ Collaboration function တစ်ချို့ရသွားပါမယ်။Extend 4 Screen အထိ ချဲ့အသုံးပြုနိုင်မယ့် Stage Manage လည်းပါဝင်လာပါမယ်။ Primary screen ပေါ်ကနေ စိတ်ကြိုက်ရေးခြစ်ပြနိုင်မယ့် Freeform app တစ်ခုကြောင့် အရင်ထက်ပိုပြီး Ipad ဟာ Macbook နီးပါးဆိုပေမယ့် ကြားထဲက Console device တစ်ခုဖြစ်လာပါမယ်။

#WatchOS_9

နာရီမျက်နှာပြင်အသစ်(၄)မျိုးပါဝင်လာပါမယ်။ Sports mode တွေကို Multi အသုံးပြုလာနိုင်ပါမယ်။အထူးမိတ်ဆက်သွားတဲ့ Medications app ပါဝင်လာပြီး ဆေးသောက်ချိန်အတွက် အမျိုးအစားအလိုက် မှတ်သားထားနိုင်ပါတယ်။ အဲ့အတွက်လည်း Noti alert ပေးသွားမှာဖြစ်ပါတယ်။ လူကြီးတွေနဲ့ အလုပ်များနေသူတွေအတွက် ကျန်းမာရေး အချက်ပေး လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။

#macOS_Ventura

macOS Ventura မှာတော့ Multitasking အတွက် Stage Manager လို့ခေါ်တဲ့ Features အသစ်ပါလာပါတယ်။ နောက်ထပ် Spotlight, Mail, Safari နဲ့ FaceTime အတွက်လည်း Update တချို့ပါဝင်လာပါတယ်။ ကိုယ့်ရဲ့ iPhone ကို Wireless Webcam အနေနဲ့ သုံးလို့ရမယ့် Feature တစ်ခုကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။

#MacBook_Air #Macbook_Pro #M2_Chip

Macbook air အတွက် Generation အသစ်နဲ့ M2 Chip အသစ်ကိုမိတ်ဆက်သွားပြီး 13.6" Retina Display ပါဝင်ပါမယ်။ Notch display ဖြစ်တာကြောင့် Macbook Pro လိုမျိုးဖြစ်သွားပါတယ်။ Speaker (4)လုံး၊ Magsafe charger support, Fast charging 67Watt ရရှိပါမယ်။

Macbook တွေအတွက် M2 Chip ဟာ ပို၍ Power Efficiency & Performance ပိုင်းမှာ ကောင်းမွန်လာပါတယ်။ ယခင် M1 Chip ထက် 1.4X မြန်လာပြီး၊ 18 Hours battery ခံပါမယ်။ Macbook Pro version မှာတော့ 20Hours ခံမယ်လို့သိရပါတယ်။ Macbook Pro version ကတော့ Notch Display မဟုတ်ပါ။ macbook တွေရဲ့ Webcam တွေကို အသုံးပြုတဲ့အခါမှာတော့ ကျောဘက်မှာ မိမိရဲ့ iphone ကိုကပ်ပြီး အသုံးပြုနိုင်လာပါမယ်။ အဲ့အတွက် Online meeting တွေလုပ်တဲ့အခါ Center stage, Portrait mode & effect တွေပါအသုံးပြုလာနိုင်မှာဖြစ်ပါတယ်။

WWDC 2022 မှာမိတ်ဆက်သွားတဲ့ OS Update တွေကိုတော့ Official version ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက် ရရှိမှာဖြစ်ပါတယ်....

Leave a comment