◾️ထုတ်ကုန်သစ်တွေကိုမိတ်ဆက်ဦးမယ့် Apple ရဲ့ စက်တင်ဘာလ (၁၄) ရက်◾️
◼️ ဒီနှစ် မိတ်ဆက်မယ့် Apple ထုတ်ကုန်သစ်တွေနဲ့ ပတ်သက်လို့ များများစားစား မသိရသေးပါဘူး။ သတင်းထွက်နေတဲ့ iPhone 13 မော်ဒယ်တွေမှာ Refresh Rate အမြင့်သုံးတဲ့ Display နဲ့လာမယ်လို့ဆိုပါတယ်။ ပုံမှန်အတိုင်း iPhone သစ်တွေမှာ ကင်မရာနဲ့ chipset ပိုင်း စွမ်းဆောင်ရည်လည်း မြှင့်တင်သွားမှာပါ။

◼️ iPhone 13 နဲ့အတူ မိတ်ဆက်သွားဖို့ ရှိတဲ့ ထုတ်ကုန်တစ်ခုက Apple Watch Series 7 ပါပဲ။ လာမယ့်အပတ်မှာ ကြေညာသွားမယ့် Watch Series 7 မှာ သွေးတွင်းအောက်ဆီဂျင်တိုင်းတဲ့ စနစ် နဲ့ ECG ရိုက်ကူးနိုင်မယ့်နည်းပညာမျိုးတွေနဲ့ အရင်မော်ဒယ်တွေထက် Display အရွယ်အစားပိုကြီးပြီး resolution အပြောင်းအလဲတွေလည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

◼️ ပုံမှန်အတိုင်းဆို Apple ရဲ့ စက်တင်ဘာထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Operating Systems အသစ်တွေ ကြေညာလေ့ရှိတာဖြစ်လို့ iOS 15, iPadOS 15, watchOS 8 နဲ့ macOS Monterey တို့လည်း မိတ်ဆက်သွားမလား စောင့်ကြည့်ရမှာပါ။ ဒီပွဲရဲ့ အဓိက အသားပေးထုတ်ကုန်တွေကတော့ iPhone နဲ့ Apple Watch ဖြစ်လို့ အများစုကတော့ ဒီထုတ်ကုန်တွေမှာ ဘယ်လိုအပြောင်းအလဲတွေ ပါလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

Apple Event ကို https://www.apple.com/apple-events မှာ ကြည့်လို့ရပါတယ်။

#Apple #iPhone13 #AppleSpecialEvent #Sept14

Leave a comment